Search This Blog

Thursday, 27 September 2018

သူများကလိလို့မရအောင် Windows Lock ချထားမည်

သူများကလိလို့မရအောင် Windows Lock ချထားမည်


 အခုဒီပိုစ့်လေးကတော့ မိမိကွန်ပျူတာကို သူများတွေ ကလိလို့ မရအောင် windows lock ချနည်းလေးပါ.. ဆော့ဝဲလ်မလိုပါဘူး .. ဝင်းဒိုးထဲမှာပါပြီးသားပါ.. ဒီနည်းလေးက ကောင်းလည်းကောင်းပါတယ်.. မကောင်း လည်း မကောင်းပါဘူး.. ဘာလို့လဲဆိုတော့ မေ့တတ်တဲ့သူများအတွက် မကောင်းပါဘူး ..

ခဏခဏ password မေ့နေရင် ရှော့ရှိပါတယ်.. ကွန်ပျူတာပြင်တဲ့ဆိုင်ကို သွားသွားပြီး password ဖြုတ် ခိုင်းနေရပါလိမ့်မယ်.. ခဏခဏ ပိုက်ဆံကုန်မှာပေါ့ .. ငွေကုန်ပေါက်လေးပါ.. ဒါကြောင့် မေ့တတ်တဲ့သူများ အမေ့သန်တဲ့သူများ windows မှာ password ခံမထားဖို့ ကြိုတင် သတိပေးချင်ပါတယ်..။ password ထားချင်တယ်ဆိုရင်လည်း မိမိအမြဲမှတ်မိတဲ့ အသေမှတ်ထားတဲ့ နာမည်၊ နံပါတ် တခုခုကို ထားစေချင် ပါတယ်.. ဒါမှ ဖွင့်ရလွယ်မှာပါ...။ ကောင်းတာတခုကတော့ မိမိမရှိတဲ့ အချိန်မှာ မိမိကွန်ပျူတာကို သူများ တွေ ယူကလိလို့မရတော့ပါဘူး.. သူတို့သုံးချင်ရင်လည်း ကိုယ့်ကိုအသိပေးပြီးမှ ကိုယ်ဖွင့်ပေးမှ သုံးလို့ရ မှာပါ..။ ဒါကြောင့် ဒီတခုတော့ ကောင်းပါတယ်.. နောက်တခုကောင်းသေးတာက ကွန်ပျူတာတစ်လုံးထဲကို လူနှစ်ယောက်သုံးယောက် user account ၂ခု ၃ခု ဖွင့်ပြီး သူ့အကောင့်နဲ့သူ ကိုယ့်အကောင့်နဲ့ကို ခွဲသုံးလို့ ရပါသေးတယ်.. သူမအားတဲ့အချိန်မှာ ကိုယ်သုံးပြီး .. ကိုယ်မအားတဲ့အချိန်မှာ သူသုံးတာမျိုးပါ..။ ကိုယ့်ရဲ့ လျှို့ဝှက်ဖိုင်တွေကို သူမသိနိုင်ပါဘူး.. သူ့ရဲ့ဖိုင်တွေကိုလည်း ကိုယ်ကြည့်လို့ မရပါဘူး.. ဒီပိုစ့်မှာတော့ အကောင့်တစ်ခုထည်းပဲ ဖွင့်ပြထားပါတယ်.. စိတ်ဝင်စားရင်တော့ အောက်ကပုံတွေကြည့်ပြီး လိုက်လုပ် ကြည့်လိုက်ပါ.. မိမိထည့်တဲ့ password မမေ့ဖို့ အထူးသတိပြုပါ.. windows lock ချတဲ့ ကီးဘုတ် ရှော့ကပ်ကီး ကတော့ Windows + L ကီးနှစ်လုံးတွဲနှိပ်ပါ..။ 


Windows Lock ချနည်းကို ဒီအောက်က ပုံတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ.. ပထမဆုံး User Account ကိုအရင်ရှာပါ..





မေ့တတ်သောသူများ ဒီနည်းကို မသုံးကြပါနှင့် .. အရင်ကျနော့်သူငယ်ချင်း တစ်ယောက် Gmail Account ဖွင့်ချင်တယ်ပြောလို့ သူ့ကို သူ့ရှေ့မှာတင် ဖွင့်ပေးလိုက်ပါတယ်.. နောက်တနေ့ကျတော့ ကျနော့်ဆီကို ပြန် ရောက်လာပါတယ်.. သူ့Gmail Account ဝင်မရတော့လို့တဲ့.. ဘာဖြစ်လို့လဲ သေချာမေးကြည့်တော့ password မမှတ်မိတော့ဘူးတဲ့.. ကျနော်လည်း အများကြီး မပြောတော့ပါဘူး .. နောက်အကောင့်တခု ထပ်ဖွင့်ပေးလိုက်ပါတယ်.. ဒါကြောင့်မေ့တတ်တဲ့သူများ ဒီပိုစ့်မှာ တင်ထားတဲ့နည်းကို မသုံးကြဖို့ အကြံပြုချင် ပါတယ်.. ခင်ဗျား......

No comments:

Post a Comment